Terms & Conditions

၁။ ဤ Website တွင် “Social Discussions” နှင့် “Training” ဟူ၍ ၂ ပိုင်းပါရှိပါသည်။

၂။ ဤ Website တွင် Register ပြုလုပ်သည့်အခါ ပြုလုပ်သူကိုယ်တိုင်၏ ဆန္ဒသဘောထားအတိုင်း မှန်ကန်သည့် အချက်အလက်များဖြင့် မှတ်ပုံတင်သည်ဟု ယူဆပါသည်။ လွဲမှားသော အချက်အလက်များဖြင့် မှတ်ပုံတင်ထားခြင်းရှိသည်ကို တွေ့ရှိပါက ဤ Terms & Condition ကို ဖေါက်ဖျက်သည်ဟုယူဆသည့်အတွက် Cyber Wings တွင် သက်ဆိုင်ရာ Account ကို ချက်ချင်းပိတ်သိမ်းခွင့် ရှိသည်။ ၎င်း၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော နစ်ဆုံးရှုံးမှုများသည် Cyber Wings နှင့်သက်ဆိုင်မှုမရှိပါ။

၃။ ထို့အပြင် ဤ Website မှ ဝန်ဆောင်မှုများကို အသုံးပြုခြင်းသည်လည်း ဤ Terms & Condition များကို မိမိသဘောဆန္ဒအတိုင်း ဖတ်ရှုသိရှိ ကာ ခြွင်းချက်မရှိ သဘောတူလက်ခံပြီးဖြစ်သည်ဟု မှတ်ယူပါသည်။ ဤ Terms & Condition သည် Website ကိုလာရောက်ကြည့်ရှုသူများ၊ ဝင်ရောက်အသုံးပြုကြသည့် User များနှင့် Website သို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်နိုင်သူများအားလုံးအပေါ်သက်ရောက်မှု ရှိစေရမည်။

၎။ မှတ်ပုံတင်ရာတွင် အသုံးပြုထားသော Password ကို မပေါက်ကြားစေရန် ထိန်းသိမ်းဖို့အတွက် အသုံးပြုသူများတွင် တာဝန်ရှိသည်။ အသုံးပြုသူများအနေဖြင့် Username နှင့် Password များကို အခြား Third-Party Software များမှ ပေးပို့ခြင်းများမပြုလုပ်ရပါ။ အကယ်၍ အသုံးပြုသူများ၏ Account များအားအခြားသူတစ်ဦးမှ သုံးစွဲခြင်း ပြုပါက Cyber Wings သို့ ချက်ချင်းအကြောင်းကြားရမည်။

Social Discussions

၅။ Social Discussions သည် အသုံးပြုသူများအချင်းချင်း ကွန်ပြူတာနည်းပညာနှင့် ပတ်သက်သည့်အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် တည်ဆောက်ပေးထားခြင်းဖြစ်သည်။

၆။ ထို့ကြောင့် Social Discussion ထဲတွင် ကွန်ပြူတာနည်းပညာ၊ အသိပညာနှင့်ပတ်သက်သော ဆွေးနွေးမှုများကိုသာ ခွင့်ပြုသည်

၆(က)။ ပြည်တွင်းမှဖြစ်စေ အခြားနိုင်ငံတစ်ခုခုမှဖြစ်စေ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ Company၊ အစိုးရ၊ တပ်မတော်၊ ကုန်ပစ္စည်း စသည်တို့အား နစ်နာစေလိုသော တိုက်ခိုက်သည့်သဘောဆောင်သော အရေးအသားများအား ခွင့်မပြု

၆(ခ)။ မူပိုင်ခွင့်မရှိပဲ အသုံးပြုသော ပုံ၊ Video ၊ ရေးသားချက် များအား ခွင့်မပြု

၆(ဂ)။ ကြော်ငြာများအား ခွင့်မပြု

၇။ Cyber Wings Co., Ltd အနေဖြင့် User များ၏ Post များ၊ Comment များနှင့် အခြားသော အချက်အလက်များအာ ဤ Terms & Conditions ကို ချိုးဖျက်သည်ဖြစ်စေ အခြားအကြောင်းအရင်းတစ်ခုခုဖြင့် ဖြစ်စေ အပြီးအပိုင်ဖြစ်စေ၊ အချိန်အတိုင်းအတာ တစ်ခုအထိ ယာယီဖြစ်စေ ကြိုတင် အသိပေးပြီးသော်လည်းကောင်း၊ ကြိုတင်အသိမပေးပဲသော်လည်းကောင်း အချိန်မရွေး ဖျက်ဆီးပိုင်ခွင့်ရှိသည်။

၈။ Cyber Wings Co., Ltd အနေဖြင့် User များ၏ Account များနှင့် အခြားသော အချက်အလက်များအာ ဤ Terms & Conditions ကို ချိုးဖျက်သည်ဖြစ်စေ အခြားအကြောင်းအရင်းတစ်ခုခုဖြင့် ဖြစ်စေ အပြီးအပိုင်ဖြစ်စေ၊ အချိန်အတိုင်းအတာ တစ်ခုအထိ ယာယီဖြစ်စေ ကြိုတင် အသိပေးပြီးသော်လည်းကောင်း၊ ကြိုတင်အသိမပေးပဲသော်လည်းကောင်း အချိန်မရွေး ဖျက်ဆီးပိုင်ခွင့်ရှိသည်။

Training

၉။ Training ထဲတွင်တော့ Online မှ တက်ရောက်နိုင်သည့် အတန်းများကို ဖေါ်ပြထားပေးပြီး တက်ရောက်လိုသူ မည်သူမဆို ဝယ်ယူခြင်းဖြင့် ဖြစ်စေ၊ အခမဲ့ဖြစ်စေ ရေးသားထားသည့်အတိုင်း တက်ရောက်နိုင်သည်။

၁၀။ သင်တန်းတစ်ခုခုအား Website ပေါ်မှဝယ်ယူပြီးသည့်အခါ Cyber Wings မှ ရုံးချိန်အတွင်းတွင် Confirm ပြုလုပ်ပေးပါသည်။ Confirm မပြုလုပ်ခင်အချိန်ထိ အသုံးပြုသူများအနေဖြင့် မိမိတို့ ဝယ်ယူထားသော အတန်းဝင်ခွင့်အား Cancellation ပြုလုပ်နိုင်သည်။ Confirm ပြုလုပ်ပြီးမှ Cancellation ပြုလုပ်လိုပါက လက်ခံမည်မဟုတ်ပါ

၁၁။ ဤ Terms & Conditions ရှိ အချက်အလက်များကို Cyber Wings Co., Ltd အနေဖြင့် ထပ်တိုးခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း များကို အချိန်မရွေးပြုလုပ်နိုင်သည်။

၁၂။ အပိုဒ် ၁၁ ပါပြုလုပ်ခြင်းများအတွက် ပုံမှန်အားဖြင့် အသုံးပြုသူများအား ကြိုတင်အကြောင်းကြားပေးမည်ဖြစ်သည်။ သို့သော် မလွဲမရှောင်သာပဲ အရေးကြီးသည့်အချိန်မျိုးတွင် Cyber Wings Co., Ltd အနေဖြင့် အသုံးပြုသူများအား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အပိုဒ် ၁၁ ပါ အကြောင်းအရာများကို လုပ်ခွင့်ရှိသည်။

Users’ Right

၁၃။ အသုံးပြုသူများအနေဖြင့် ဆက်လက်အသုံးမပြုလိုတော့ပါက မိမိသဘောဆန္ဒအတိုင်း အသုံးပြုခြင်းကို ရပ်ဆိုင်းခြင်း၊ မှတ်ပုံတင်ထားသော Account ကို ဖျက်သိမ်းခြင်းများ ပြုလုပ်နိုင်သည်။ သို့မဟုတ် Cyber Wings Co., Ltd သို့ မိမိ Account ကို ဖျက်သိမ်းလိုကြောင်း Website အတွင်းမှဖြစ်စေ မိမိမှတ်ပုံတင်ထားသော Email Address ဖြင့် Mail ပို့ပြီးဖြစ်စေ အကြောင်းကြားနိုင်သည်။

၁၄။ အသုံးပြုသူများ၏ လုပ်ဆောင်ချက်များတွင် တစုံတရာ အခက်အခဲရှိပါက Cyber Wings Co., Ltd သို့ Website အတွင်းမှဖြစ်စေ၊ မိမိမှတ်ပုံတင်ထားသော Email Address ဖြင့် Mail ပို့ပြီးဖြစ်စေ အကြောင်းကြားနိုင်သည်။

၁၅။ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာရှိလာပါက Cyber Wings Co., Ltd ၏ အကျိုးအကြောင်း ဆီလျော်မှုရှိသော ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်စေရမည်။

Cyber Wings’ Right

၁၆။ Cyber Wings Co., Ltd အနေဖြင့် သုံးစွဲသူများအတွက် Online Training Website တစ်ခုအနေဖြင့် အကောင်းဆုံး ပံ့ပိုးပေးနိုင်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သော်လည်း လွန်ဆန်မရနိုင်သော အကြောင်းတရား တစ်ခုခုကြောင့် ဤ Website ၏ ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အားလုံးကို ရပ်တန့်လိုက်ရခြင်း၊ ပိတ်သိမ်းလိုက်ရခြင်း၊ ယာယီ ဆိုင်းငံ့ရခြင်းများ ရှိလာနိုင်သည်ကို သုံးစွဲသူတို့အနေဖြင့် နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ Cyber Wings Co., Ltd ၏ ဤ Online Training Website က သုံးစွဲသူတို့အတွက် ဝန်ဆောင်မှုပေးနေစဉ် ကာလအတွင်း လျှပ်စစ်မီးကြာရှည်စွာပျက်တောက်ခြင်း၊ ပြည်တွင်းစစ်များ ဖြစ်ပွားခြင်း၊ လူထုဆူပူအုံကြွမှုများဖြစ်ပွားခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခြင်း၊ ဥပဒေနှင့် ညွှန်ကြားချက်များ ရုတ်တရက် ပြောင်းလဲခြင်း၊ နည်းပညာပိုင်းအားဖြင့် အချက်အလက် ခိုးယူခံရခြင်း နှင့် Computer Virus သို့မဟုတ် Malicious Program များ ကူးစက်စေခြင်းစသော ပြင်းထန်သည့် ဆိုက်ဘာတိုက်ခိုက်မှုများ ကြုံတွေ့ရခြင်း၊ သဘာဝဘေးအန္တရာယ် များ ကျရောက်ခြင်းများကြောင့် ဤ Website အနေဖြင့် ဆက်လက်ကာ ဝန်ဆောင်မှုပေးရန် မဖြစ်နိုင်တော့ခြင်း သို့မဟုတ် ခက်ခဲခြင်း စသည့် အခြေအနေများတွင် ဤ Website ကို ကာလအကန့်အသတ်တစ်ခုထိသော်လည်းကောင်း၊ အမြဲတမ်းအနေဖြင့်သော်လည်းကောင်း ဝန်ဆောင်မှုပေးရခြင်းကို မလွှဲမရှောင်သာရပ်ဆိုင်းရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ရပ်ဆိုင်းရမှုများကြောင့် သုံးစွဲသူအနေဖြင့် ကြုံတွေ့ရနိုင်သော တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သည့် ဆုံးရှုံးနစ်နာမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက Cyber Wings Co., Ltd အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၇။ Course များထဲတွင် ပါဝင်သော စာများ၊ ပုံများနှင့် Video များသည် Cyber Wings ၏ ပိုင်ဆိုင်မှုများဖြစ်ပါသည်။ ထို့အတွက်ကြောင့် Cyber Wings ၏ ခွင့်ပြုချက် တစ်စုံတရာ မပါဘဲ ပြန်လည်၍ အခမဲ့ မျှဝေခြင်း၊ အခကြေးငွေဖြင့် ရောင်းချခြင်းများကို တားမြစ်ထားသည်။ အကယ်၍ တွေ့ရှိပါက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခွင့်များ Cyber Wings တွင် ရှိသည်။

Skip to toolbar