
- 54 students
- 22 lessons
- 2 quizzes
- 10 week duration
-
Knowledge Base
-
Storage Management
-
User Management
-
Network Management
-
Applications/Services Management
-
Tests
What is Linux?
Linux ဟာ Open Source ဖြစ်တယ်၊ Free ရတယ်၊ ပေါ့တယ် စသည်ဖြင့်အမျိုးမျိုးပြောကြပေမယ့် Linux ဆိုတာ ဘာလဲလို့ သေချာကြည့်မယ်ဆိုရင်တော့ Linux ဟာ Kernel တစ်ခုသာဖြစ်ပါတယ်။ အဲဒီ Kernel အပေါ်မှာ အခြေခံရင်း မတူညီတဲ့ User Interface တွေ မတူညီတဲ့ Application တွေ မတူညီတဲ့ Service တွေကို ပေါင်းထည့်လိုက်တဲ့အခါမှာတော့ Linux Distribution (Linux Distro) လို့ခေါ်တဲ့ Linux Operating System တွေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
ဥပမာအားဖြင့် မြင်သာမှုအရှိဆုံးကိုပြောရရင်တော့ Android ဟာ Linux System တစ်ခုဖြစ်ပြီး CentOS တို့ Fedora တို့ Ubuntu တို့ဟာလည်း Linux တွေပဲဖြစ်ပေမယ့် မတူညီတဲ့ Application တွေ မတူညီတဲ့ Service တွေနဲ့ မတူညီတဲ့ User Interface တွေရှိကြတယ်ဆိုတာပါပဲ။ ဒါပေမယ့် သူတို့အားလုံးဟာ Linus Torvalds က ခွင့်ပြုပေးလိုက်တဲ့ Kernel တွေကို https://kernel.org ကနေတစ်ဆင့် ကူးယူပြင်ဆင်ပြီး ထုတ်ထားကြတဲ့ မတူညီကွဲပြားတဲ့ Linux Operating System တွေလို့ပြောရင်လည်း မမှားပါဘူး။
What is Kernel?
ဒါဆိုရင် Kernel ဟာ ဘာလဲ Kernel ထဲမှာ ဘာတွေပါဝင်နေသလဲ ဆိုတာတွေ ဆက်ပြောရမှာပါ။ Kernel ထဲမှာတော့ CPU နဲ့ Memory တွေကို စီမံတဲ့ Code တွေပါသလို Applications တွေ Service တွေကနေ Hardware တွေကို အသုံးပြုတဲ့အခါ လိုအပ်တဲ့ Code တွေ အများကြီးပါဝင်နိုင်ပါတယ်။ Kernel ဟာ ဘယ်နေရာမှာ အလုပ်လုပ်နေလဲဆိုရင်တော့ အောက်က ပုံထဲက အတိုင်းပဲဖြစ်ပါတယ်။
Kernel ဟာ Operating System နဲ့ Hardware အကြားမှာ ပေါင်းကူးအနေနဲ့ အလုပ်လုပ်နိုင်ပါတယ်။ Operating System အပေါ်မှာရှိတဲ့ Application တွေနဲ့ Service တွေဟာ Hardware တွေကို အသုံးပြုတဲ့အခါ Kernel ကနေ တစ်ဆင့် လုပ်ကိုင်လေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ Kernel ထဲမှာ Device Driver များကဲ့သို့ Hardware တွေကို ရယူအသုံးပြုနိုင်တဲ့ Code တွေပါဝင်နေလို့ပါပဲ။ အဲဒီအပြင် အခြားသော Kernel ရဲ့ အစိတ်အပိုင်းတွေကတော့ Power Management တွေ၊ Security Module တွေ စသည်ဖြင့် ပါဝင်နေပါသေးတယ်။
Linux Distros
ကမ္ဘာပေါ်မှာ Linux Distributions ပေါင်း မြောက်များစွာရှိပါတယ်။ ဘယ်လောက်တောင်များလဲဆိုရင် အောက်ကပုံကိုသာကြည့်ပါ။
ဒီလောက်များတဲ့ Linux Distribution တွေကိုတော့ တပြိုင်ထဲ တထိုင်ထဲ သုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် Linux Distribution ကို ကိုယ်တိုင်ရွေးချယ်ရပါလိမ့်မယ်။ ဘယ် Linux Distribution ကိုတော့ ရွေးချယ်ပါလို့ ကျွန်တော်တို့ မတိုက်တွန်းပါဘူး။ Linux Distribution တစ်ခုစီတိုင်းမှာ သူတို့ရဲ့ သက်ဆိုင်ရာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ အဲဒါအပြင် အသုံးပြုသူတွေရဲ့ Career ပေါ်မူတည်ပြီး အသုံးပြုသူရဲ့ Carrer/Professional Life နဲ့ ကိုက်ညီတဲ့ Linux Distribution ကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။
ကျွန်တော်တို့အနေနဲ့တော့ ဆက်လက်ပြောသွားမှာက RedHat Enterprise Linux ကိုအခြေခံထားတဲ့ CentOS နဲ့ပတ်သက်တာတွေကို ဆက်လက်ရေးသားသွားမှာဖြစ်ပါတယ်။