
- 54 students
- 22 lessons
- 2 quizzes
- 10 week duration
-
Knowledge Base
-
Storage Management
-
User Management
-
Network Management
-
Applications/Services Management
-
Tests
Installing a Linux OS
Linux Operating System တစ်ခု Installation ပြုလုပ်တာဟာ ဒီနေ့ခေတ်မှာတော့ အရမ်းလွယ်ကူပါတယ်။ Install ပြုလုပ်နေတဲ့အချိန်မှာ မေးတဲ့မေးခွန်းတွေဟာလည်း စာမေးပွဲစစ်တာမဟုတ်ပါဘူး။ ကိုယ်ဘာတွေကို ဘယ်လို Customize လုပ်ချင်လဲဆိုတာတွေကိုပဲ မေးတာဖြစ်တဲ့အတွက် ကိုယ်လိုချင်တာ ကိုယ်ဖြစ်စေချင်တာတွေကို ရွေးချယ် ဖြည့်စွက်ပေးရုံပါပဲ။
CentOS 7 Minimal ကို ပုံမှန်အတိုင်း Installation ပြုလုပ်တဲ့ အဆင့်တွေကို ကြည့်ရအောင်။
Step (1): Booting

Step(2): Language Selection
CentOS 7 ကို Boot တက်လိုက်ရင်တော့ အပေါ်ကအတိုင်း မြင်ရမှာပါ။ Install လုပ်ဖို့အတွက် “Install CentOS 7” ကို ရွေးချယ်ပြီး Enter နှိပ်ပေးရမှာပဲဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ Installation ကို ဘယ်ဘာသာစကားနဲ့ ဆက်တက်မလဲဆိုတာကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ English ကိုပဲ ရွေးချယ်ပြီး “Continue” ကို နှိပ်နိုင်ပါတယ်။
Step (3): Install Summary

ဒီအဆင့်မှာတော့ CentOS 7 Install ပြုလုပ်ခြင်းအတွက် တစ်ခုချင်းစီ ပြောင်းလဲပေးလို့ရတဲ့နေရာပဲဖြစ်ပါတယ်။ ပြောင်းလဲချင်တာ တစ်ခုစီကို နှိပ်ပြီး ပြောင်းလဲမှုတွေလုပ်လို့ရပါတယ်။ ပထမဦးဆုံးအနေနဲ့ Date & Time ဟာ Americas/New York timezone ဖြစ်နေတာကို Asia/Yangon ကိုပြောင်းလဲဖို့အတွက် Date & Time ဆိုတာကို နှိပ်လိုက်ပါ။
Step (4): Changing Date & Time Configuration

ခုပုံစံမျိုး Asia/Yangon timezone ကို ပြောင်းလဲလိုက်နိုင်ပါတယ်။ စိတ်ကြိုက်ပြောင်းပြီးရင်တော့ ဘယ်ဘက်အပေါ်ဆုံးက “Done” ကိုသာနှိပ်လိုက်ပါ။ ခုနက Installation Summary နေရာကို ပြန်ရောက်ပါလိမ့်မယ်။ Installation Summary နေရာမှာတော့ “Installation Destination” နေရာမှာ အနီရောင်လေးပြနေပါတယ်။ အဲဒါလေးကို နှိပ်ပြီး ဒီ CentOS 7 ကို Install ပြုလုပ်မယ့် Storage ကို ရွေးချယ်ပေးရမှာပါ။
Step (5): Storage Configuration

ဒီနေရာမှာတော့ အပေါ်ဆုံးက “Device Selection” ထဲမှာ ကိုယ့်စက်မှာရှိတဲ့ Hard Drive တွေ Storage Device တွေပေါ်လာမှာပဲဖြစ်ပါတယ်။ အမဲရောင်အမှန်ခြစ်လေးဟာ အဲဒီ Device ပေါ်မှာ ဒီ OS ကို Install ပြုလုပ်မယ်လို့ ရွေးချယ်ထားတာပါ။ တကယ်လို့ Network ပေါ်က Hard Drive တစ်ခုခုကို ထည့်သွင်းအသုံးပြုချင်ရင်တော့ “Specialized & Network Disks” ထဲမှာ အသစ်ထည့်ပေးရမှာဖြစ်ပါတယ်။
Other Storage Options ထဲမှာတော့ “Automatically configure partitioning” ကတော့ Linux Partition တွေကို အလိုလျောက် ပြုလုပ်သွားမှာဖြစ်ပြီး “I will configure partitioning” ဆိုတာကတော့ ကိုယ်ကိုယ်တိုင် Partition တွေကို တည်ဆောက်ချင်သူတွေအတွက် ရွေးချယ်စရာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Auto နဲ့တင်လေ့ရှိကြပေမယ့် သေချာ Customize ပြုလုပ်ချင်သူတွေအတွက် Partition တွေကို ကိုယ်ကြိုက်သလို ပိုင်း နိုင်ပါသေးတယ်။ Partition တွေကို ကိုယ်ကြိုက်သလို ပိုင်းဖို့အတွက်တော့ ဘယ် Partition တွေဟာ ဘာအတွက်သုံးလဲ ဆိုတာနဲ့ Size ဘယ်လောက်တွေ ထားရှိသင့်လဲဆိုတာတွေ သိထားဖို့လိုပါတယ်။ Custom Partitioning နဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို နောက် Lesson မှာ ဆက်လက်ဖေါ်ပြထားပေးပါတယ်။
တကယ်လို့ Partition တွေကို မိမိစိတ်ကြိုက် ပိုင်းချင်ရင်တော့ “Custom Partitioning” Lesson ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ Auto နဲ့သာ သွားချင်ရင်တော့ ဒီနေရာမှာ “Done” ကိုသာနှိပ်ပြီး “Network & Hostname” ခေါင်းစဉ်အတိုင်းဆက်သွားရမှာပါ။
Step (6): Network & Hostname

ဘယ်ဘက်အခြမ်းမှာတော့ ကိုယ့်စက်မှာ ရှိတဲ့ Network Interface တွေကို မြင်ရမှာပဲဖြစ်ပါတယ်။ ပုံမှာတော့ Network Interface တစ်ခုကိုမြင်ရမှာဖြစ်ပြီး ညာဘက်ခြမ်းမှာ သူနဲ့ပတ်သက်တဲ့ Detail နဲ့ အသေးစိတ် Configuration ပြုလုပ်ဖို့ ညာဘက် အောက်မှာ “Configure” ဆိုတာလေးရှိပါတယ်။ အဲဒီ “Configure” ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

အဓိက အသုံးပြုမယ့် Network Interface ဖြစ်ပါက ပထမဆုံးမှာတော့ ပုံထဲကအတိုင်း “Automatically connect to this network when it is available” ဆိုတာကို အမှန်ခြစ်ပေးထားသင့်ပါတယ်။ Terminal ထဲမှာ ဆက်ဖွင့်ပေးလည်း ရပေမယ့် ဒီလိုလုပ်ခဲ့တာဟာ အလွယ်ကူဆုံးဖြစ်မှာပါ။
တကယ်လို့ IP Address ကို DHCP နဲ့မဟုတ်ပဲ Static IP ပေးချင်ရင်တော့ IPv4 Setting ထဲမှာ IPv4 ကို Static IP တွေ သွားပေးလို့ရပါတယ်။ ဥပမာအားဖြင့် 192.168.4.200/24 နဲ့ 192.168.4.1 ကို Gateway အနေနဲ့ ပေးချင်တယ်ဆိုပါစို့။ DNS အနေနဲ့ 8.8.8.8 နဲ့ 8.8.4.4 ကို DNS Server တွေထဲထည့်ချင်ရင်တော့ အောက်ကအတိုင်းလုပ်နိုင်ပါတယ်။

အရင်ဆုံး “Method” ဆိုတဲ့နေရာမှာ “Automatic DHCP” ဆိုတာကို “Manual” လို့ပြောင်းပါ။ ပြီးရင်တော့ “Addresses” ရဲ့ ညာဘက်ဆုံးက “Add” ဆိုတာလေးကိုနှိပ်ပြီး ကိုယ်ထားချင်တဲ့ Static IP နဲ့ Subnet တွေကို ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင်တော့ Gateway နဲ့ DNS Server တွေကို ထည့်ပြီးရင်တော့ Save ကိုနှိပ်လိုက်ရုံပါပဲ။
ပြီးရင်တော့ ညာဘက်အပေါ်ဆုံးမှာ ခုလိုပုံထဲကအတိုင်း အပြာရောင် “ON” လေးပေါ်နေအောင် နှိပ်လိုက်တယ်ဆိုရင်တော့ ကိုယ်ထည့်ခဲ့တဲ့ Static IP Configuration သို့မဟုတ် DHCP ကနေ ချပေးတဲ့ IP တွေပေါ်နေမှာပဲဖြစ်ပါတယ်။
Hostname ပြောင်းလဲချင်ရင်တော့ အောက်ဆုံးက “Host name:” ဆိုတဲ့အကွက်ထဲမှာ မိမိစိတ်ကြိုက်ထားချင်တဲ့ Host Name ကိုရေးထည့်ပြီး “Apply” ကိုနှိပ်ပေးရုံပါပဲ။
စိတ်ကြိုက်ပြောင်းလဲမှုတွေ လုပ်ပြီးရင်တော့ ဘယ်ဘက် အပေါ်ဆုံးက “Done” ကိုနှိပ်လိုက်ပါ။
Step (7): Installation Begins
ခုဆိုရင်တော့ အခြေခံလိုအပ်တာတွေကို ဖြည့်စွက်ပြီးပြီဖြစ်တဲ့အတွက် Install ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။ CentOS 7 ကို စတင် Install ပြုလုပ်ဖို့အတွက်တော့ ညာဘက် အောက် ထောင့်ဆုံးက “Begin Installation” ကို နှိပ်ပေးရမှာပါ။
Installation စတင်နေပါပြီ။ ဒါပေမယ့် User တွေကို မတည်ဆောက်ရသေးသလို “root” User ကိုလည်း Password မထည့်သွင်းရသေးပါဘူး။ ဒါကြောင့် “ROOT PASSWORD” ဆိုတာကို နှိပ်ပြီး အောက်ကပုံထဲကအတိုင်း “root” user အတွက် Password သတ်မှတ်ပေးသင့်ပါတယ်။
ဆက်လက်ပြီး Administrator User တစ်ယောက် Create ဆက်လုပ်သင့်ပါတယ်။ တကယ်တော့ “root” User ပဲထားမယ်ဆိုရင်လည်း ရပေမယ့် Administrator User Account တစ်ခု ပြုလုပ်ခဲ့တာလည်းမမှားပါဘူး။ Production Environment တွေမှာ “root” User ကို SSH Login ပေးမဝင်အောင် ကန့်ထားနိုင်တဲ့အတွက် Administrator User ကနေ တစ်ဆင့် ဆက်လက်ဝင်ရောက်နိုင်ဖို့အတွက် Administrator User ကို ခုထဲက စတင် တည်ဆောက်ပေးခဲ့ဖို့လိုအပ်ပါတယ်။
“Full Name” နေရာမှာတော့ Administrator ရဲ့ နာမည် ဖြည့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Space ပါလို့ရပါတယ်။ “User name” နေရာမှာတော့ သူ့ရဲ့ Login Username ကိုဖြည့်ပေးရမှာပါ။ Username အတွက်တော့ Space မပါဝင်သင့်ပါဘူး။ ပြီးရင်တော့ Administrator Account တစ်ခုဖြစ်ဖို့အတွက် “Make this user administrator” ဆိုတာကို အမှန်ခြစ်ပေးရပါလိမ့်မယ်။ ပြီးရင်တော့ ဆက်လက်ပြီး Password နဲ့ Confirm Password တွေကို ဖြည့်စွက်လိုက်ရင်တော့ Administrator User Account ကို တည်ဆောက်ပြီးပြီပဲဖြစ်ပါတယ်။
Step (8): Finishing Configuration and Rebooting
CentOS 7 Install ပြီးတဲ့အခါမှာတော့ Configuration တွေကိုအပြီးသတ်ပေးရမှာပဲဖြစ်ပါတယ်။ အဲဒီအတွက် ထွေထွေထူးထူးလုပ်စရာမလိုပါဘူး။ ညာဘက်အောက်ထောင့်ဆုံးက ခလုတ်အပြာလေးဖြစ်တဲ့ “Finish Configuration” ကိုနှိပ်ပေးရုံပါပဲ။
ပြီးရင်တော့ CentOS 7 Installation အပြီးသတ်သွားပြီဖြစ်တဲ့အတွက် Reboot လုပ်ပေးရမှာဖြစ်ပါတယ်။ Reboot လုပ်တဲ့အခါမှာတော့ CentOS 7 ကို Bootable ပြုလုပ်ခဲ့တဲ့ CD/DVD သို့မဟုတ် USB Flash Drive တွေကို ဖြုတ်ပေးလိုက်ရတော့မှာဖြစ်ပါတယ်။
Reboot လုပ်ပြီးတဲ့အခါမှာတော့ CentOS 7 ကို စတင် Login ဝင်ရောက်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။