SysAdmin Foundation

Yan Naing Myint
Linux
100,000K
  • 54 students
  • 22 lessons
  • 2 quizzes
  • 10 week duration

SysAdmin Foundation

Custom Partitioning

မိမိစိတ်ကြိုက် သို့မဟုတ် မိမိလုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်အောင် Custom Partition တွေကို ပိုင်းဖို့အတွက် အောက်ကအတိုင်း ဘယ် Partition တွေဟာ ဘယ်လောက် Size ရှိသင့်လဲဆိုတာတွေဟာ သိရှိထားသင့်ပါတယ်။

  • “/” (Root Partition)
    • Root Partition ထဲကိုတော့ OS ကြီးတစ်ခုလုံးအပြင် System Libraries တွေ၊ Application တွေ၊ Service တွေ၊ Configuration တွေ အားလုံးဝင်ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ ပိုင်းထားရမယ့် အရေးကြီးတဲ့ Partition လည်းဖြစ်ပါတယ်။
    • အနည်းဆုံး ရှိသင့်သည့် Size: 20GB (Minimal), 50GB (Full OS Installation)
  • “/boot”
    • ဒီ Partition ထဲမှာ System မှာ အသုံးပြုနေတဲ့ Kernel တွေနဲ့ Boot Loader နဲ့တကွ သူ့ Configuration တွေ ရှိမယ့်နေရာဖြစ်ပါတယ်။ OS Selection ကနေတစ်ဆင့် Kernel ကို RAM ပေါ်ကို တိုက်ရိုက် စွဲတင်နိုင်အောင်အတွက် ဒီ Partition ဟာ Primary Partition ဖြစ်ဖို့လိုအပ်ပါတယ်။
    • အနည်းဆုံးရှိသင့်သည့် Size: 500MB ~ 1GB
  • “/home” and “/var”
    • “/home” နဲ့ “/var” Partition တွေကတော့ မဖြစ်မနေ လိုအပ်တဲ့ Partition တွေမဟုတ်ပါဘူး။ သူတို့ကို Partition အနေနဲ့ မပိုင်းခဲ့ရင်တော့ “/” (Root Partition” ထဲမှာ နေရာဝင်ယူသွားမှာပဲဖြစ်ပါတယ်။
    • Server များ (အထူးသဖြင့် Web Server) မှာတော့ “/var” ကိုပဲပိုင်းလေ့ရှိပြီး “/home” ကို Partition အဖြစ် ပိုင်းလေ့ မရှိပါဘူး။
    • Workstation တွေမှာတော့ “/home” ကိုပဲ Partition ပိုင်းလေ့ရှိပြီး “/var” ကိုတော့ ပိုင်းလေ့မရှိပါဘူး။
      • “/home” Partition ထဲမှာတော့ User တွေ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်နေရာတွေဖြစ်တဲ့ Home Directories တွေ ထားလေ့ရှိပါတယ်။
      • “/var” ထဲမှာတော့ System တစ်ခုလုံးမှာအမြဲပြောင်းလဲနေနိုင်တဲ့ Log File တွေ၊ System Email တွေ၊ Spooler Data တွေ၊ Website တွေ စသည့် အချက်အလက်တွေ သိမ်းဆည်းလေ့ရှိပါတယ်။
    • အနည်းဆုံးရှိသင့်တဲ့ Size ဆိုတာ ဒီ Partition နှစ်ခုလုံးအတွက်မရှိပါဘူး။ “/” (Root Partition) ရယ် “/boot” ရယ် “swap” ရယ် ပိုင်းပြီးရင်တော့ ပိုတာအကုန်လုံးထည့်လိုက်လို့ရပါတယ်။
  • swap
    • Computer သုံးနေရင်းနဲ့ Application တွေ အများကြီး တပြိုင်ထဲ ဖွင့်ထားရင်တော့ Main Memory (RAM) မှာ ပြည့်သွားတဲ့အခါ Active မဖြစ်တော့တဲ့ Application တွေရဲ့ Running Data တွေကို Hard Drive ပေါ်မှာ ခဏသွားရောက် ရေးသားလေ့ရှိပါတယ်။
    • Laptop တွေ Hibernate ပြုလုပ်တဲ့အခါမှာလည်း Main Memory (RAM) ပေါ်က Running Data တွေကို Hard Drive ပေါ်ကို ကူးတင်ပြီး Laptop တစ်ခုလုံးမှာရှိတဲ့ Power ကို ပိတ်ချလိုက်ပါတယ်။ ပြန်ဖွင့်တဲ့အခါ သိမ်းဆည်းခဲ့တဲ့ Hard Drive ပေါ်က Data တွေကို Main Memory ပေါ်ပြန်လည်ကူးတင်ပြီး နောက်ဆုံးရောက်ခဲ့တဲ့ အခြေအနေကနေ ပြန်လည် အသုံးပြုလို့ရပါတယ်။
    • အဲဒီလို Hard Drive ပေါ်ကိုကူးတင်တဲ့အခါ ကူးတင်တဲ့နေရာဟာ ဒီ swap Partition ပေါ်ကို ကူးတင်တာပဲဖြစ်ပါတယ်။ (သို့မဟုတ်) swap Partition ကို ဒီလိုအသုံးပြုတယ်လို့ မှတ်သားနိုင်ပါတယ်။
    • ဒါကြောင့် swap Partition ဟာ
      • Workstation ဖြစ်ပါက Main Memory ရဲ့ ၂ ဆ ရှိသင့်ပါတယ်။ ဥပမာ Main Memory ဟာ 4 GB ရှိမယ်ဆိုရင် swap ဟာ 8 GB ဖြစ်သင့်ပါတယ်။
      • Server ဖြစ်ပါက Main Memory နဲ့ အတူတူထားနိုင်ပါတယ်။ ဥပမာ Main Memory ဟာ 4GB ဆိုရင် swap ကိုလည်း 4GB ထားသင့်ပါတယ်။
      • တချို့သော RAM ကိုသာအဓိက သုံးတဲ့ Server တွေဖြစ်တဲ့ Database Server တွေ Message Que Server တွေဆိုရင်တော့ swap ကိုများများစားစား မသုံးတဲ့အတွက် Main Memory ရဲ့ တဝက်သာ ထားနိုင်ပါတယ်။

Custom Partition in CentOS 7 Installation

CentOS 7 Installation ပြုလုပ်တဲ့အခါ “Installation Destination” နေရာမှာ “I will configure partitioning” ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ ဒီနေရာကိုရောက်လာမှာပါ။ ဘယ်ဘက်အကွက်ရဲ့ အောက်မှာတော့ “+” လက္ခဏာလေးနဲ့ Partition/Mount Point အသစ်တွေကိုထည့်နိုင်ပါတယ်။

အရင်ဆုံး “/” (Root Partition) ကို 20 GiB အနေနဲ့ Mount Point/Partition အသစ် စ ထည့်ကြည့်ပါမယ်။

“Add mount point” ကိုနှိပ်လိုက်ရင်တော့ အောက်ကအတိုင်းပေါ်လာမှာပါ။

ဒီမှာတော့ Mount Point တစ်ခုချင်းစီအတွက် သူ့အတိုင်းထားလည်းရသလို မိမိစိတ်ကြိုက် ဆက်လက် Configuration ပြုလုပ်နိုင်ပါသေးတယ်။

  • Device Type ထဲမှာတော့ LVM နဲ့ထားမလား LVM ကိုမှ Thinprovisioning နဲ့ထားမလား၊ ရိုးရိုး Standard Partition အနေနဲ့ထားမလား ဒါမှမဟုတ် Btrfs အနေနဲ့ ထားမလား ကြိုက်တာရွေးချယ်နိုင်ပါတယ်။
  • LVM ကိုရွေးချယ်လိုက်ရင်တော့ ညာဘက်ခြမ်းမှာ Volume Group ကို ဆက်လက်ရွေးချယ် (နာမည်ပေး) လို့ရပါသေးတယ်။
  • File System ကတော့ ကိုယ် အသုံးပြုမယ့် File System ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ext2, ext3, ext4, xfs, vfat စတာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
  • အပေါ်တွင်လည်း Desired Capacity နေရာမှာ ကိုယ်ပြောင်းချင်တဲ့ Partition Size ကို ပြန်လည် ပြင်ဆင်လို့ရပါသေးတယ်။ Mount Point လည်း ထိုးနည်းလည်းကောင်းပါပဲ။
  • ကြိုက်နှစ်သက်ရာ ပြင်ဆင်ပြီးရင်တော့ ညာဘက်အောက်နားက “Update Settings” ဆိုတာကို နှိပ်ပေးရမှာဖြစ်ပါတယ်။

ဒီလိုမျိုး မိမိကြိုက်နှစ်သက်သလို Partition တွေကို တည်ဆောက်ပြီးရင်တော့ ဘယ်ဘက်အပေါ်ဆုံးက Done ကိုနှိပ်ပေးရမှာပါ။ “Done” ကိုနှိပ်လိုက်ရင်တော့ မိမိပြောင်းလဲလိုက်တာတွေကို အတည်ပြုခိုင်းမှာဖြစ်ပါတယ်။ “Accept Changes” ကိုနှိပ်လိုက်ပါ။

ဒီလိုပုံစံမျိုးနဲ့ Installation ပြုလုပ်တဲ့အချိန်မှာ Custom Partition တွေကို ပိုင်းခဲ့လို့ရပါတယ်။

Skip to toolbar