ကျွန်တော်တို့ Website ကို စတင်အသုံးပြုပုံကတော့ အရမ်းရိုးရှင်းပါတယ်။ ပထမဦးဆုံးမှာတော့ Account မှတ်ပုံတင်ရမှာပါ။ Account ကိုမှတ်ပုံတင်ဖို့ကို https://training.cyberwings.asia/register/ မှာ လုပ်နိုင်ပါတယ်။ မေးမြန်းတဲ့မေးခွန်းများကို အောက်ပါအတိုင်း ဖြေဆိုနိုင်ပါတယ်။

USERNAME
မှတ်ပုံတင်ရာမှာတော့ USERNAME ဆိုတာက ကိုယ်အသုံးပြုချင်တဲ့ Username ပါပဲ။ Login ဝင်တဲ့အခါမှာလည်း အသုံးပြုရမယ့် Username ဖြစ်ပါတယ်။
EMAIL ADDRESS
EMAIL ADDRESS ကတော့ မိမိအသုံးပြုနေတဲ့ Email Address သို့မဟုတ် Gmail ကိုဖြည့်ပေးရမှာပါ။
PASSWORD
ကိုယ်အသုံးပြုလိုတဲ့ Password ကို “CHOOSE A PASSWORD” အကွက် ထဲမှာ တစ်ကြိမ်၊ “CONFIRM PASSWORD” အကွက်ထဲမှာ နောက်တစ်ကြိမ် ရိုက်ထည့်ရမှာဖြစ်ပါတယ်။
NAME
ပြီးရင်တော့ ညာဘက်အခြမ်းက Profile Detail ထဲမှာတော့ “NAME” ဆိုတဲ့အကွက်ထဲမှာ မိမိရဲ့ အမည်ရင်း ကို ဖြည့်စွက်ပေးပါ။ Course တွေသင်ကြားရင်း အောင်မြင်ပြီးစီးသွားတဲ့ Course ရှိလာပါက Certificate ကို အဲဒီ Name အကွက်ထဲက နာမည်အတိုင်း ဖြည့်စွက်မှာဖြစ်တဲ့အတွက် အမည်ရင်း မှန်ကန်ဖို့လိုပါတယ်။
PHONE NUMBER
မိမိအသုံးပြုတဲ့ PHONE NUMBER ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ Course များကို ဝယ်ယူတဲ့အခါ ကျွန်တော်တို့မှ ဖုန်းဆက်ပြီး အတည်ပြုဖို့အတွက် လိုအပ်တာကြောင့် တကယ်အသုံးပြုနေတဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းပေးဖို့လိုအပ်ပါတယ်။
TERMS OF SERVICE AGREEMENT
ကျွန်တော်တို့ Website မှ Online Training ဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းနှင့်ပတ်သက်သည့် သဘောတူညီချက်ဖြစ်ပါတယ်။ မှတ်ပုံတင်ခြင်းမပြုလုပ်ခင် Terms of Service ကို ကြိုတင်ဖတ်ထားစေလိုပါတယ်။ သဘောတူညီရင်တော့ “I AGREE” ဆိုတာလေးကို အမှန်ခြစ်လိုက်ရုံပါပဲ။
RECAPTCHA
ပြီးရင်တော့ အောက်က I’m not a robot ဘေးမှာ အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။ Fake Account တွေကို တိုက်ဖျက်ဖို့အတွက် ထည့်သွင်းထားတာဖြစ်ပါတယ်။ အမှန်ခြစ်ရာမှာ တခါတရံ ရွေးချယ်မှုလေးတွေကိုလုပ်ခိုင်းပါလိမ့်မယ်။ မှန်ကန်အောင်ရွေးချယ်ပေးပြီး “Verify” ကိုနှိပ်လိုက်တဲ့အခါမှာတော့ ပုံထဲကအတိုင်း အစိမ်းရောင် အမှန်ခြစ်လေးဖြစ်သွားပါလိမ့်မယ်။
COMPLETE SIGN UP
ထည့်သွင်းစရာအားလုံးပြီးသွားရင်တော့ “COMPLETE SIGN UP” ဆိုတဲ့ အောက်ဆုံးက ခလုတ်လေးကို နှိပ်ပေးလိုက်ပါ။

ဒီလိုလေးပေါ်လာရင်တော့ Account မှတ်ပုံတင်တာ အောင်မြင်စွာပြီးသွားပါပြီ။ သင်သုံးထားတဲ့ Email မှန်ကန်မှုရှိမရှိအတွက် သင်ထည့်လိုက်တဲ့ Email Address ဆီကို Email ပို့ပေးမှာပါ။ ဒါကြောင့် သင့် Email ရဲ့ Inbox ကို စစ်ဆေးကြည့်ပါ။

ဖေါ်ပြထားသလို Email ဝင်လာပြီဆိုရင်တော့ အတူတူပါလာတဲ့ Link လေးကို နှိပ်လိုက်ပါ။

Email ထဲက Link ကိုနှိပ်လိုက်ရင်တော့ ခုလိုမျိုးပေါ်လာပါလိမ့်မယ်။ “ACTIVATE” ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါ။

အပေါ်က ပုံအတိုင်းပေါ်လာရင်တော့ “Log In” ကိုနှိပ်ပြီး Login ဝင်ရောက်နိုင်ပါပြီ။

Login ဝင်ရောက်တဲ့အခါမှာတော့ မှတ်ပုံတင်စဉ်က အသုံးပြုခဲ့တဲ့ Username နဲ့ Password ကိုရိုက်ထည့်ရမှာဖြစ်ပြီး I’m not a robot ဘေးက အကွက်လေးကို အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။
Login ဝင်ရောက်ပြီးရင်တော့ ကျွန်တော်တို့ Website ရဲ့ Online Course များကို စတင် တက်ရောက်သင်ကြားနိုင်ပြီပဲဖြစ်ပါတယ်။ Online Course တစ်ခုကို ဝယ်ယူ တက်ရောက်မည်ဆိုပါက သက်ဆိုင်ရာ Course ကို နှိပ်ပြီး “BUY THIS COURSE” ခလုတ်လေးကိုနှိပ်ပေးရမှာပါ။ ပြီးရင်တော့ ဆက်ပေါ်လာတဲ့ Page မှာ “PLACE ORDER” ဆိုတဲ့ခလုတ်လေးကိုနှိပ်ပေးရုံပါပဲ။ မကြာခင်မှာ ကျွန်တော်တို့ သင့်ဆီကို ဖုန်းဆက်ပြီး အတည်ပြုပေးမှာဖြစ်ပါတယ်။
Online မှ ပညာများ များများလေ့လာတတ်မြောက်ကြပါစေ။ ကျွန်တော်တို့လည်း Course အသစ်များကို အချိန်နှင့် တပြေးညီ ဆက်လက် ထည့်သွင်းသွားဦးမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။